Travels & Tours Company Limited

About us

ခင်နန္ဒာအပြည်ပြည်ဆိုင်ရာ ခရီးသွားကုမ္ပဏီလီမိတက်သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် (၁၇-၂-၂၀၁၁)၌ တရားဝင် မှတ်ပုံတင်ခဲ့ရာ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် အမှတ်စဉ် ၂၃၅၀/၂၀၁၀-၂၀၁၁ အား (၁၇-၈-၂၀၁၁)တွင် ရရှိခဲ့သည်။

ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ခရီးလှည့်လည်‌ရေး လုပ်ငန်းလိုင်စင်အမှတ် (ခ-၁၄၈၅) အား (၄-၈-၂၀၁၁)တွင်ရရှိခဲ့ပြီး ဆက်လက်၍ ပြည်ပခရီးသွားလုပ်ငန်းလိုင်စင်အမှတ် (ပခ-ဝ၂၈၂) အား (၁၀-၈-၂၀၁၆) တွင် ရရှိခဲ့ပါသည်။

ကုမ္ပဏီသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းသို့ (၁၅-၅-၂၀၁၃) တွင်ဝင်ရောက်ခဲ့ပြီး အသင်းဝင်အမှတ်မှာ (၁၀၉၅) ဖြစ်သည်။

ကုမ္ပဏီတည်‌ထောင်သူများမှာ ဗိုလ်မှူးချုပ် ညွန့်တင် (ငြိမ်း) နှင့် ဇနီး ‌ဒေါ်တင်တင်ကြည်တို့ ဖြစ်သည်။

ဗုဒ္ဓဂယာသို့ မိသားစုအ‌နေဖြင့် (၃)ကြိမ် သွား‌ရောက် ပြီးမှ ကိုယ်‌တွေ့ အ‌တွေ့အကြုံများ၊ ဘုရားဖူးပို့‌ဆောင်လျက်ရှိ‌သော ကုမ္ပဏီအသီးသီး၏ အားနည်းချက် အားသာချက်များအား ‌လေ့လာမှတ်သားကာ ကုမ္ပဏီတည်‌ထောင် လုပ်ကိုင်ခြင်းဖြစ်ပါသည်။ အဓိကအားဖြင့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်ပြည်သူများ ဗုဒ္ဓဂယာသို့သွား‌ရောက်ခြင်းဖြင့် သံ‌ဝေဂတရား ပွားများဆင်ခြင်၍ အပါယ်တံခါးပိတ်ကာ ‌နောင်ဘဝများတွင် လူ့ပြည်၊ နတ်ပြည်သို့သာ ရရှိကြပြီး နိဗ္ဗာန်သို့လျှင်မြန်စွာ ‌ရောက်‌စေလို‌သော ဆန္ဒထားရှိပါသည်။

ကုမ္ပဏီဥက္ကဌမှာ ဒေါ်တင်တင်ကြည်ဖြစ်ပြီး၊ သမီးဖြစ်သူ ခင်နန္ဒာ (ခ) ခင်ပြည့်ဖြိုး (ခ) ခိုင်သဇင်နှင်း က မန်းနေးဂျင်း ဒါရိုက်တာတာဝန် ထမ်းဆောင်လျက်ရှိသည်။ ခင်နန္ဒာသည် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် YUFL မှ အင်္ဂလိပ်ဘာသာ အဓိကဖြင့် ၂၀၁၁ တွင်တက္ကသိုလ်ဘွဲ့ရရှိခဲ့ပြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက ဖွင့်လှစ်ခဲ့သော အခြေခံဧည့်လမ်းညွှန် သင်တန်းအား ၂၀၁၁ခုနှစ်တွင် တက်ရောက်အောင်မြင်ခဲ့သည်။

ထို့ပြင် သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိုးဝင်း(ယခင်ဒုတိယဝန်ကြီး) ဦးစီး၍ (၂၂-၅-၂၀၁၃)ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဇမ္ဗူသီရိဗိမာန်၌ ကျင်းပပြုလုပ်သော အစည်းအဝေးမှ အများသဘောတူဆုံးဖြတ်ချက်အရ သံဝေဇနိယလေးဌာန ဘုရားဖူးအဖွဲ့များစေလွှတ်ရေး လုပ်ငန်းကော်မတီတွင် တွဲဖက်အတွင်းရေးမှုးတာဝန် ထမ်းဆောင်ခဲ့သည်။ ဆက်လက်၍ (၆-၉-၂၀၁၄) တွင်ကျင်းပသော အစည်းအဝေး၌ မဲပေးဆုံးဖြတ်ချက်အရ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်လျက်ရှိသည်။

ရုံးချုပ်နှင့် ရုံးခွဲများအား ‌အောက်ပါအတိုင်းဖွင့်လှစ်ခဲ့သည် -

(က) ရုံးချုပ် - (၁-၈-၂၀၁၁) - ကမ္ဘာအေးဗီလာ၊ မရမ်းကုန်း။
(ခ) ရုံးခွဲ - (၃-၁၂-၂၀၁၁) - ၂၈၉၊ ပန်းဆိုးတန်းလမ်း(ခုံး‌ကျော်တံတားအနီး)၊ ‌ကျောက်တံတားမြို့နယ်။
(ဂ) လွိုင်ကော် - (၂၁-၄-၂၀၁၂) - မန်းအောင်စတိုး၊ သီရိမင်္ဂလာဈေးရှေ့၊ လောဓမ္မရပ်ကွက်။
(ဃ) မော်လမြိုင် - (၂၁-၄-၂၀၁၂) - အမှတ်(၂၈၂)၊ သမိန်ဗရမ်းလမ်းထိပ်၊ မြိုင်သာယာရပ်ကွက်။
(င) မန္တလေး (၁) - (၁၉-၅-၂၀၁၂) - ကျော်ကျော်ကားပစ္စည်းဆိုင်၊ ဈ-၂၀/၅၉+၆၀၊ ​ယောမင်းကြီးလမ်းနှင့် ပိတောက်ဝါလမ်းထောင့်၊
စက်မှုဇုံ (၁) ၊ မန္တလေး။
(စ) မန္တလေး (၂) - (၁၉-၅-၂၀၁၂) - ပဒေသာလက်ဖက်ဆိုင်၊ ၆၃လမ်းနှင့် ၁၉လမ်းထောင့်၊ အကွက် (၇)၊ နန်းရှေ့ဈေး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။
(ဆ) တောင်ကြီး - (၆-၉-၂၀၁၂) - ဟိဏ်းလ္ဘက်ရည်ဆိုင်(မောချယ်ရီဂိတ်)၊ ၃၀/၃၁၊ အောက်မြို့ပတ်လမ်း၊ စဝ်စံထွန်းရပ်ကွက်။