Travels & Tours Company Limited

Trip Plan

ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည့်တံ့စေရန်နှင့် ဘုရားဖူးပြည်သူများ အပါယ်လေးဘုံမှ လွတ်ငြိမ်းချမ်းသာစေရန် ရည်ရွယ်၍ ခင်နန္ဒာ အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းသည် ဗုဒ္ဓဂယာ မြေမြတ်မဟာသို့ ကုသိုလ်ယူပို့ဆောင်ပေးနေပြီ ဖြစ်ပါသည်။ ပုံမှန်ခရီးစဉ်မှာ (၁၄) ညအိပ် (၁၅)ရက်ဖြစ်၍ ရက်ပေါင်း ကြာမြင့်သည့်အလျောက် ရောက်ရှိမည့်နေရာဒေသတို့မှာလည်း စုံလင်လှပါသည်။ ပို့ဆောင်ပေးမည့် နေရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

Day (1)စုရပ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာလာရာ ညနေပိုင်းတွင် ဂယာသို့ရောက်ပါမည်။ မဟာဗောဓိစေတီတော်ကြီးအား ဦးတိုက်ဖူးမြော်ကာ မြန်မာဘုန်းတော်ကြီးကျောင်း၌ ညအိပ်ပါမည်။

Day(2)ဗာရာဏသီသို့ ဆက်လက်ထွက်ခွာ၍ ခရီးဦးကြိုရာ ချောက်ခဏ္ဍီစေတီ၊ တရားဦးဟောရာ ဓမ္မရာဇိကကုန်းတော် (သံဝေဇနိယဌာန၊ အဝိဇဟိတဌာန) နှင့် ဓမ္မေခစေတီ၊ တရားဟောပလ္လင်၊ နန္ဒိယကျေင်း၊ မူလဂန္ဓကုဋိဓါတ်တော်တိုက် တို့အားဖူးမြော်ပြီး မြန်မာဘုန်းတော်ကြီးကျောင်း၌ ညအိပ်အနားယူပါမည်။

Day(3)သင်္ကဿနဂိုရ်သို့ထွက်ခွာ၍ မြန်မာဘုန်းတော်ကြီးကျောင်း၌ ညအိပ်ပါမည်။

Day (4)နံနက်စာသုံးဆောင်ပြီး အာဂရာမြို့ရှိ တာ့ချ်မဟာအား လေ့လာကာ နယူးဒေလီမြို့ရှိ Three Star (India Standard) ဟိုတယ်တွင် ညအိပ်ပါမည်။

Day(5)နယူးဒေလီရှိ အိန္ဒိယဂိတ် ၊ Lotus Temple ၊ မဟာသတိပဌာန်းတရားဟောရာနေရာ၊ မဟတ္တမဂန္ဓီဗိမာန်၊ အင်ဒီယာဂန္ဒီ၏ နေအိမ် (ပြတိုက်) တို့အားလေ့လာပါမည်။ဈေးဝယ်၍ သင်္ကဿနဂိုရ် သို့ထွက်ခွာကာ ညအိပ်ပါမည်။

Day(6)မြတ်စွာဘုရားတာဝတိံသာနတ်ပြည်မှ ဆင်းသက်ရာနေရာ ( အဝိဇဟိတဌာန)၊ အရှင်သာရိပုတ္တရာကျောင်းတော်ရာသို့ သွားရောက်ဖူးမြော်ပြီး သာဝတ္တိတွင် ညအိပ်အနားယူပါမည်။

Day (7)သာဝတ္တိမြို့ ဇေတဝန်ကျောင်းတော်ရာ (အဝိဇဟိတဌာန)၊ အင်္ဂုလိမာလစေတီ၊ သုဒတ္တစေတီနှင့် သာဝတ္တိမြို့ဟောင်း၊ တာဝတိံသာနတ်ပြည်သို့ ကြွလှမ်းတောမူရာ သရက်ပင်ကုန်း (စေတီနေရာ)၊ ဒေဝဒတ်နှင့်စိဉ္စမာန မြေမြိုသည့်နေရာတို့အား လေ့လာပြီး
သာဝတ္တိတွင် ညအိပ်အနားယူပါမည်။

Day (8)နီပေါနိုင်ငံသို့ထွက်ခွာ၍ မြတ်စွာဘုရားအလောင်းတော် ကပိလဝတ်နှင့် နိကြေဓာရုံကျောင်း နေရာများသို့ သွားရောက်ဖူးမြော်ပြီး မြန်မာကျောင်းတော်ကြီးတွင်ညအိပ်ပါမည်။

Day (9)ကုသိနာရုံသို့ ထွက်ခွာ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည့် မဟာပရိနိဗ္ဗာန စေတီ(သံဝေဇနိယဌာန) ၊ တေဇောဓါတ်လောင်ကျွမ်းတော်မူသည့် အင်္ဂါရစေတီနှင့် နောက်ဆုံး ရေကြည်တော်သုံးဆောင်ခဲ့သည့်နေရာတို့အား ဖူးမြော်ပြီး ညအိပ်ပါမည်။

Day (10)ပတ္တနားသို့ထွက်ခွာပါမည်။ လမ်းခရီးရှိ ဘုရားရှင်၏ သပိတ်တော်အား လွှဲအပ်ခဲ့သော ကေစရိယပုထိုးတော်ကြီး၊ ဝေသာလီမြို့ရှိ မင်္ဂလာရေကန်တော်၊ ဓါတ်တော်စေတီနေရာ၊ အသောကမင်းကြီး၏ ကျောက်စာတိုင်တို့အား ဖူးမြော်လေ့လာပြီး တတိယ သင်္ဂါယနာတင်သော ပတ္တနားမြို့တွင် ညအိပ်ပါမည်။

Day (11)ရာဇဂြိုဟ်သို့ ထွက်ခွာ၍ သာသနာနှစ် (၂၅၀ဝ) ပြည့် ကမ္ဘာ့ငြိမ်းချမ်ရေးစေတီ (ထိုင်ခုံစက်လှေကားဖြင့်)၊ ဂိဇ္ဈကုဋ်တောင်၊ ဗိမ္ဗိသာရ အကျဉ်းထောင်၊ ဗိမ္ဗိသာရမင်းကြီး ထိန်းသိမ်းခဲ့သောဆွန်ဘဏ္ဍာတိုက်၊ အဇာတသတ် ဓါတ်တော်တိုက်၊ ရေပူစမ်း၊ ဝေဠုဝန်ကျောင်း၊ ဇီဝကသရက်ဥယျာဉ်၊ ကျောက်လှည်းဘီးရာတို့အားသွားရောက် လေ့လာဖူးမြော်ပြီး၊ ညနေပိုင်းတွင် နာလန္ဒာတက္ကသိုလ်အဟောင်းနှင့် အသစ်၊ နာလန္ဒာရှေးဟောင်းပြတိုက်၊ မြန်မာနိုင်ငံမှ စာသင်သားသံဃာတော်များအား လေ့လာဖူးမြော်ပူဇော်ပါမည်။ ဂယာမြို့သို့ပြန်လည်ထွက်ခွာ၍ မြန်မာ ဘုန်းတော်ကြီးကျောင်း၌ ညအိပ်ပါမည်။

Day(12)ဒုက္ကရစရိယတောင်၊ သုဇာတာအိမ်ရာ၊ ဃနာနို့ဆွမ်းကပ်ရာနေရာ၊ မြက်ရှစ်ဆုပ် လှူဒါန်းရာနေရာ၊ ဂျပန်ကမာကူရဘုရားကြီး၊ မဂဓတက္ကသိုလ်ရှိစာသင်သား ရဟန်းများအား ဖူးမြော်ပူဇော်ပါမည်။ ညနေပိုင်းတွင် ကိုယ်ပိုင်အချိန်ပေးပါမည်။

Day (13) ကိုလ်ကတ္တားသို့ ထွက်ခွာပြီး ဗောဓိသုခပရဟိတဘုန်းကြီးကျောင်းတွင် ညအိပ်ပါမည်။

Day (14) နံနက်စာ သုံးဆောင်ပြီး ကိုလ်ကတ္တားမြို့သစ်၊ ဝိတိုရိယ ဘုရင်မပြတိုက် နှင့် Science City တို့အား သွားရောက်လေ့လာ၍ ဈေးဝယ်ကာ ညအိပ်ပါမည်။

Day (15)နံနက်စာ သုံးဆောင်ပြီး ကိုလ်ကတ္တားလေဆိပ်မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။


*** ညမောင်းလုံးဝမပါ ***

***မှတ်ချက်

၈ ရက် - သံဝေဇနိယလေးဌာန၊ သာဝတ္ထိ၊ ဝေသာလီ၊ ရာဇဂြိုလ် တို့ပါဝင်ပါသည်။ သံဝေဇနိယလေးဌာန အဓိက ပုံမှန်ခရီးစဉ်ဖြစ်ပါသည်။

၁၂ ရက် - သာဝတ္တိတွင် ပုဗ္ဗာရုံကျောင်း၊ ရာဇဂြိုဟ်တွင် ကျောက်နက် ရုပ်ပွားတော်၊နီပေါလ်တွင် မြတ်စွာဘုရား၏ဓါတ်တော်များကိန်းဝပ်စံပယ်တော်မူသည့်ရာမဂါမ်စေတီ၊ မယ်တော်မာယာမွေးဖွားရာနေအိမ်၊ ဒေဝဒဟမြို့ဟောင်း၊ ရောဟဏီမြစ်၊ ဌက်မနားသစ်ပင်တို့ဖ ထပ်မံပါဝင်ပါသည်။